မြန်မာ့အထူးတန်းဝင်ကော်ဖီ

မြန်မာနိုင်ငံသည် မကြာသေးမီကာလများအတွင်းက Robusta အမျိုးအစား သမားရိုးကျကော်ဖီ ထုတ်လုပ်မှုသာမက Arabica အမျိုးအစား အထူးတန်းဝင်ကော်ဖီကိုလည်း သိသာထင်ရှားစွာ တိုးမြှင့်ထုတ်လုပ်လာခဲ့ပါသည်။ မြန်မာနိုင်ငံမှ နှစ်စဉ်ကော်ဖီထုတ်လုပ်မှုပမာဏ၏ သုံးပုံနှစ်ပုံမှာ Arabica အမျိုးအစား အထူးတန်းဝင်ကော်ဖီဖြစ်ပြီး ကျန်ပမာဏအများစုမှာ Robusta အမျိုးအစား ကော်ဖီဖြစ်ပါသည်။

မြန်မာ့အထူးတန်းဝင်ကော်ဖီ (Myanmar Specialty Coffee) အား ဂျပန်နိုင်ငံစျေးကွက်သို့ ပိုမို ထိုးဖောက်ဝင်ရောက်နိုင်ရေး ရည်ရွယ်ချက်ဖြင့် မြန်မာသံရုံး၊ တိုကျိုမြို့နှင့် အာဆီယံ-ဂျပန်စင်တာ (ASEAN-Japan Centre) တို့အကြား ညှိနှိုင်းကာ အာဆီယံ-ဂျပန်စင်တာမှ လေ့လာသုံးသပ်ပြီး “Trade Feasibility Study (Myanmar Coffee)” အစီရင်ခံစာအား ထုတ်ဝေခဲ့ပါသည်။

အဆိုပါ အစီရင်ခံစာအား ဖတ်ရှုလေ့လာရန် စိတ်ပါဝင်စားသူများအနေဖြင့် မြန်မာသံရုံး၊တိုကျိုမြို့၊ စီးပွားရေးဌာနခွဲ၏အီးမေးလ် (ecosection@myanmar-embassy-tokyo.net) သို့လည်းကောင်း၊ တယ်လီဖုန်းအမှတ်၊ 03-3441-9291 သို့လည်းကောင်း၊ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။

မြန်မာသံရုံး

တိုကျိုမြို့။

Myanmar Specialty Coffee

In recent years, Myanmar has begun producing significant amount of the higher grade Arabica coffee in addition to its traditional lower grade Robusta coffee crops. About two thirds of the annual coffee crops in Myanmar is Arabica with most of the remainder being Robusta.

With the purpose of further promoting Myanmar Specialty Coffee into the Japanese market, the ASEAN-Japan Centre, in consultation with Myanmar Embassy in Tokyo, conducted a study and published the report on Trade Feasibility Study (Myanmar Coffee)”.

Anyone interested to read the report can contact the Economic Section of the Embassy by sending email to (ecosection@myanmar-embassy-tokyo.net) or by contacting the phone number - 03-3441-9291.

Myanmar Embassy

TOKYO

ミャンマーの良質なコーヒー

 

 現在、ミャンマーではロブスタ(Robusta) という種類の一般的なコーヒーのみならず、アラビカ(Arabica) 種という良質なコーヒーも多く生産しています。毎年、ミャンマーではコーヒーの生産量の3分の2を良質なアラビカ(Arabica) 種として生産し、残りの大部分をロブスタ(Robusta) 種のコーヒーとして生産しています。

 ミャンマーの良質なコーヒー (Myanmar Specialty Coffee) を日本の市場でさらに浸透させることを目的として、駐日ミャンマー大使館と日本アセアンセンターが連携・協力し、日本アセアンセンターよりTrade Feasibility Study (Myanmar Coffee) というレポートが発行されました。 

 上記のレポートにご興味ある方は駐日ミャンマー大使館の経済部のメールアドレス(ecosection@myanmar-embassy-tokyo.net)またはお電話(03-3441-9291)にてご連絡くださいますようお知らせ致します。

 

駐日ミャンマー大使館