Daiohs Memorial Foundation မှ ချီးမြှင့်သည့် ပညာသင်ဆု လျှောက်ထားနိုင်ကြောင်း အသိပေးအကြောင်းကြားခြင်း

 

PDF Version

@

၁။      Daiohs Memorial Foundation မှ ၂၀၂၃ ခုနှစ်အတွက် ပေးအပ်မည့် ပညာသင်ဆုအား လျှောက်ထားနိုင်ကြောင်း Daiohs Memorial Foundation အတွင်းရေးမှူးရုံးက မြန်မာသံရုံးသို့ အသိပေး အကြောင်းကြားလာပါသည်။

 

၂။       ၎င်း၏ စာတွင် Daiohs Memorial Foundation မှ ချီးမြှင့်သည့် ပညာသင်ဆုသည် တက္ကသိုလ်များ၊ သုတေသနအဖွဲ့အစည်းများနှင့် သုတေသနလုပ်ငန်းများ ဆောင်ရွက်နေသည့် သုတေသနပညာရှင်များအား ထောက်ပံ့ပေးရန်အတွက် ရည်ရွယ်ပါကြောင်း၊ အဆိုပါ ဖောင်ဒေးရှင်းမှ ပေးအပ်သည့် ပညာသင်ဆုအား ပြန်လည်ပေးဆပ်ရန် မလိုသည့်အပြင် အခြားအဖွဲ့အစည်းများမှ ပေးအပ်သည့် ပညာသင်ဆုကိုလည်း လက်ခံနိုင်ကြောင်းနှင့် ပညာသင်ဆုနှင့် ပတ်သက်သည့် အချက်အလက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

 

(က)    ပညာသင်ဆု ထောက်ပံ့ကြေးပေးမည့် ကျောင်းသား အရေအတွက် (၂၀)ဦး

(ခ)     တစ်လလျှင် ယန်း ၁၀,၀၀၀/- ( ယန်းတစ်သောင်းတိတိ ) ( (၆)လလျှင် တစ်ကြိမ် )

(ဂ)     ထောက်ပံ့ပေးမည့်ကာလမှာ ၂၀၂၃ ခုနှစ်၊ ဧပြီလမှ ၂၀၂၅ ခုနှစ်၊ မတ်လအထိ

 

၃။      ပညာသင်ဆု လျှောက်ထားသူများသည် အောက်ဖော်ပြပါ အချက်များ ပြည့်မီရမည်ဖြစ် ပါသည်-

 

(က)    တစ်နှစ်လျှင် နှစ်ကြိမ် ဖောင်ဒေးရှင်းက ကျင်းပသည့် အတွေ့အကြုံရှင်းလင်းပွဲသို့ တက်ရောက်နိုင်သူဖြစ်ရမည်၊

(ခ)     ဂျပန်နိုင်ငံ၊ Chiba, Saitama, Kanagawa, Ibaraki, Gunma, Tochigi ခရိုင် တစ်ခုခုရှိ တက္ကသိုလ်တစ်ခုခုတွင် တက်ရောက်နေသည့် ကျောင်းသား (သို့မဟုတ်)  ဘွဲ့လွန် သင်တန်းတက်ရောက်နေသူ   ( နိုင်ငံတကာကျောင်းသား များအပါအဝင် ) ဖြစ်ရမည်၊

(ဂ)     တက္ကသိုလ် တက်ရောက်နေပါက ဒုတိယနှစ်သင်တန်း တက်ရောက်နေသည့် ကျောင်းသားများမှ စတင်၍ လျှောက်ထားနိုင်ကြောင်း၊ 

(ဃ)    လျှောက်ထားသူသည် နိုင်ငံတကာမှ တက္ကသိုလ်ကျောင်းသားဖြစ်ပါက အသက် (၃၁)နှစ်နှင့် အောက်နှင့် ဘွဲ့လွန်သင်တန်း တက်ရောက်နေပါက အသက် (၃၈)နှစ် နှင့်အောက် ရှိရမည်။

 

၄။      ပညာသင်ဆုနှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များ သိရှိလိုပါက http://www.daiohs-zaidan.or.jp သို့ ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း၊ ပညာသင်ဆုလျှောက်ထား လိုပါက အောက်ဖော်ပြပါ စာရွက်စာတမ်းများနှင့်အတူ ၂၅-၅-၂၀၂၃ ရက် ( ကြာသပတေးနေ့ ) နောက်ဆုံးထား၍ လျှောက်ထားရမည်ဖြစ်ကြောင်းနှင့် လျှောက်လွှာပေးပို့လိုပါက https://gaxi.jp/သို့ ဝင်ရောက် ပေးပို့ရမည်ဖြစ်ကြောင်း အကြောင်းကြားအပ်ပါသည်-

  

          (က)    Application Form  

          (ခ)     Student Report

          (ဂ)     Recommendation Letter  

          (ဃ)    Certificate of enrollment

          (င)     Academic Transcript

          (စ)     Document that show household income        

          (ဆ)    Residence Card ( alien registration certificate )

          (ဇ)     Passport Copy

 

မြန်မာသံရုံး၊ တိုကျိုမြို့

၂၀၂၃ ခုနှစ်၊ ဧပြီလ  ၂၅     ရက်