ကိုယ်စားလှယ်လွှဲအပ်ခြင်း (General Power/ Special Power of Attorney) လျှောက်ထားခြင်း

 

            (က)     လျှောက်ထားသူနှင့် လွှဲအပ်မည့်သူတို့၏ မှတ်ပုံတင် (မိတ္တူ)များ

            (ခ)       လျှောက်ထားသူနှင့် လွှဲအပ်မည့်သူတို့၏ သန်းခေါင်စာရင်း (မိတ္တူ)များ

            (ဂ)       လျှောက်ထားသူ၏ ကိုယ်ရေးလျှောက်လွှာ

            (ဃ)     လျှောက်ထားသူ၏ သက်တမ်းရှိ နိုင်ငံကူးလက်မှတ် (မူရင်းနှင့် မိတ္တူ)

            (င)       လျှောက်ထားသူ၏ ကိုယ်ရေးအချက်အလက်

            (စ)       လျှောက်ထားသူ၏ ဂျပန်နေထိုင်ခွင့်ကတ်ပြား(ဇိုင်းနျူကတ်) (မူရင်းနှင့် မိတ္တူ)

(ဆ)     လျှောက်ထားသူ၏ ဂျပန်နိုင်ငံတွင် နေထိုင်ကြောင်း အထောက်အထား(ဂျူမီရှော) (မူရင်းနှင့် မိတ္တူ)

(ဇ)       လွှဲအပ်မည့်သူသည် မြန်မာနိုင်ငံတွင် သက်ရှိထင်ရှားနေထိုင်လျက်ရှိကြောင်း ရပ်ကွက် ထောက်ခံစာ

(ဈ)      လက်မှတ်ရေးထိုးမည့် General Power/Special Power (အထူးကပ်တံဆိပ်ခေါင်း ပါရှိရမည်။)

(မှတ်ချက်။       သံရုံးမှစိစစ်မှုပြုလုပ်ပြီး၍ လျှောက်ထားသူ၏လက်မှတ်ရေးထိုးမှုအား သံရုံး၏ ကောင်စစ်အရာရှိရှေ့မှောက်တွင် လက်မှတ်ရေးထိုးကြောင်း ထောက်ခံချက်အား ရရှိပြီးပါက မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင်ဥပဒေနှင့်အညီ မှတ်ပုံတင်ရမည်ဖြစ်ပါသည်။)

(ည)     လျှောက်ထားသူဘက်မှ အသိသက်သေ(၁)ဦးအဖြစ်လိုက်ပါဆောင်ရွက်မည့် ပုဂ္ဂိုလ်၏ သက်တမ်းရှိမြန်မာနိုင်ငံကူးလက်မှတ်၊ ဂျပန်နိုင်ငံတွင်နေထိုင်ခွင့်ကတ်ပြား၊ မှတ်ပုံတင် (မိတ္တူ)၊ သန်းခေါင်စာရင်း(မိတ္တူ)

            (ဋ)      သံရုံးမှ လိုအပ်ချက်အရ ထပ်မံတောင်းခံသည့် စာရွက်စာတမ်းများ။

            (ဌ)       လျှောက်ထားသူကိုယ်တိုင် လာရောက်လျှောက်ထားရပါမည်။