Social Visit Visa (Single Entry)

 

လူမူရေးဆိုင်ရာပြည်ဝင်ဗီဇာ (Social Visit Visa) လျှောက်ထားခြင်း
(If you do not see Myanmar characters please install Zawgyi Font.  Download here)

လူမူရေးဆိုင်ရာပြည်ဝင်ဗီဇာ (Social Visit Visa) လျှောက်ထားရန် လိုအပ်သူများ။

၁။ မြန်မာနိုင်ငံသား/သူ နှင့် လက်ထပ်ထားသော ဂျပန်လူမျိုးများနှင့် အခြားနိုင်ငံခြားသားများ၊
၂။ ယခင် မြန်မာနိုင်ငံသားများ (မြန်မာ နိုင်ငံကူးလက်မှတ်အား သံရုံးသို့ ပြန်လည်အပ်နှံပြီး ပေးဆောင်ရန်ရှိသော ၀င်ငွေခွန်များကို ကျေပြွန်စွာ ထမ်းဆောင်ပြီးသူ ဖြစ်ရပါမည်။)

(အထက်ပါ အမှတ်စဉ် (၁) နှင့် (၂) နှင့် ကိုက်ညီသူများသည် မြန်မာနိုင်ငံရှိ မိဘဆွေမျိုးများနှင့် တွေ့ ဆုံရန်အတွက် ဖြစ်စေ၊ အလည်အပတ် ဖြစ်စေ၊ မြန်မာနိုင်ငံရှိ မိသားစုနှင့်အတူ နေထိုင်ရန် ဖြစ်စေသွားရောက် သည့်အခါ လူမူရေး ဆိုင်ရာပြည်ဝင်ဗီဇာ (Social Visit Visa)  ရယူ လျှောက်ထားရန် လိုအပ်ပါသည်။ (Social Visit Visa)  ဗီဇာရထားသူသည် ဗီဇာရရှိသည့် နေ့ မှ စ၍ (၃)လအတွင်း မြန်မာနိုင်ငံသို့  သွားရောက်နိုင်ပါသည်။ သံရုံးမှ ထုတ်ပေးသော လူမူရေးဆိုင်ရာ ပြည်ဝင်ဗီဇာ (Social Visit Visa)  ၏ မြန်မာနိုင်ငံတွင် အများဆုံးနေထိုင်ခွင့် ကာလမှာ ရက်သတ္တ (၄) ပတ်ဖြစ်ပါသည်။ မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ လူဝင်မူ ကြီးကြပ်ရေး ဌာန တွင် နေထိုင်ခွင့်ကာလအား ဆက်လက် သက်တမ်းတိုးပေးရန် လျှောက်ထား နိုင်ပါသည်။

လူမူရေးဆိုင်ရာပြည်ဝင်ဗီဇာ (Social Visit Visa) လျှောက်ထားရန် လိုအပ်သောစာရွက်စာတမ်းများ။

(၁) သံအမတ်ကြီး၊ မြန်မာသံရုံး၊ တိုကျိုမြို့သို့လိပ်မူလျှက် လျှောက်ထားသော လျှောက်လွှာ။
http://www.myanmar-embassy-tokyo.net/visaforms/Social-Visit-Visa.pdf  တွင်ထုတ်ယူနိုင်ပါသည်။)

(၂) ဗီဇာလျှောက်ထားသူ နှင့် ၄င်း၏ မိသားစု အမည်များပါဝင်သော ဂျပန်နိုင်ငံတွင် လက်ရှိနေထိုင်သည့် ရပ်ကွက်၏ ထောက်ခံစာ (ကိုဆေကီတိုးဟွန်) (Kosekitohon) (မူရင်းတစ်စောင်)

(၃) သံရုံးမှ ထုတ်ပေးသောကိုယ်ရေးရာဇ၀င်ပုံစံ (ပြည့်စုံစွာဖြည့်စွက်ပေးပါရန်)
(ပုံစံများဖြည့်စွက်ရန် အတွက် download လုပ်ပြီးလျှင် လက်ရေးဖြင့် သော် လည်းကောင်း၊ MS-Excel ဖြင့် လည်းကောင်း ဖြည့်စွက်ပြီး Print-out ဖြင့် လျှောက်ထား နိုင်ပါသည်။)
- ဗီဇာလျှောက်ထားသူသည် မြန်မာနိုင်ငံသား ဖြစ်ခဲ့ဖူးပါက ဤပုံစံအား ဖြည့်စွက်ရန် လိုအပ်ပါသည်။
- ဗီဇာလျှောက်ထားသူ နိုင်ငံခြားသား ဖြစ်ပါက ၄င်း၏ (ဇနီး သို့ မဟုတ် ခင်ပွန်း ) မှလည်း ဖြည့်စွက်ပေးရန် လိုအပ်ပါသည်။) (ဖြည့်စွက်သူ၏ကာလာဓါတ်ပုံ (35 cm X 45 cm size) ကပ်ရန် လိုအပ်ပါသည်။)

(၄) မြန်မာနိုင်ငံကူး လက်မှတ်မိတ္တူ
- ဗီဇာလျှောက်ထားသူသည် မြန်မာနိုင်ငံသား ဖြစ်ခဲ့ဖူးပါက ယခင် မြန်မာနိုင်ငံကူး လက်မှတ်မိတ္တူ လိုအပ်ပါသည်။
- ဗီဇာ လျှောက်ထားသူ နိုင်ငံခြားသား ဖြစ်ပါက ၄င်း၏ (ဇနီး သို့ မဟုတ် ခင်ပွန်း ) ၏ မြန်မာနိုင်ငံကူး လက်မှတ်မိတ္တူ လိုအပ်ပါသည်။

(၅) ဗီဇာလျှောက်ထားသူ နိုင်ငံခြားသားမှ ဖြည့်စွက်ရန်လိုအပ်သောဗီဇာပုံစံများ
- Report of Arrival (၁) ရွက် (ကာလာဓါတ်ပုံ (35 cm X 45 cm size) တစ်ပုံကပ်ရန်)
- Application of Entry/Business Visa Form (၂) ရွက် (ကာလာဓါတ်ပုံ (35 cm X 45 cm size) တစ်ပုံစီကပ်ရန်) (လူမူရေးဆိုင်ရာပြည်ဝင်ဗီဇာ အတွက် Application of Entry/Business Visa Form ကိုသာအသုံးပြုပါသည်။)
- (ပုံစံများအား http://www.myanmar-embassy-tokyo.net/visaforms/visaformsindex.html တွင် ထုတ်ယူနိုင်ပါသည်။ ပုံစံများဖြည့်စွက်ရန် အတွက် download လုပ်ပြီးလျှင် လက်ရေးဖြင့် သော် လည်းကောင်း၊ MS-Word သို့ မဟုတ် MS-Excel ဖြင့် လည်းကောင်း ဖြည့်စွက်ပြီး Print-out ဖြင့် လျှောက်ထား နိုင်ပါသည်။)

(၆) ဗီဇာလျှောက်ထားသူများ ကိုင်ဆောင်ထားသော နိုင်ငံကူးလက်မှတ်မှာ လျှောက်ထားချိန်တွင် သက်တမ်း (၆)လ အနည်းဆုံးရှိပြီး ဗီဇာနှိပ်ရန် စာမျက်နှာ အလုံအလောက် (အနဲဆုံးနှစ်မျက်နှာ) ရှိသည့် နိုင်ငံကူးလက်မှတ် (မူရင်း)။

(၇) ဗီဇာကြေး တစ်ဦးလျင် ယန်း၄၅၀၀ နှူံးဖြင့် ပေးသွင်း ထားသော ဘဏ်ချလံမူရင်း။

ဘဏ်စာရင်း
BANK ACCOUNT

EMBASSY OF THE REPUBLIC OF THE UNION OF MYANMAR (ミャンマー連邦共和国大使館)
SUMITOMO MITSUI BANK CORPORATION, GOTANDA BRANCH (三井住友銀行 五反田支店)
CURRENT(Non-Resident) ACCOUNT,  NO.  4035008 (当座 4035008)

Address

EMBASSY OF THE REPUBLIC OF THE UNION OF MYANMAR
4-8-26, Kita-Shinagawa, Shinagawa-ku, Tokyo 140-0001
Tel : 03-3441-9291,
Fax : 03-3447-7394


စာတိုက်မှ ပေးပို့ လျှောက်ထားခြင်း


၁။ တိုကျိုမြို့ နှင့် အလှမ်းဝေး ကွာသော အရပ်ဒေသတွင် နေထိုင်ကြသူ များသည် စာတိုက်မှတစ်ဆင့် လျှောက်ထား ဆောင်ရွက် နိုင်ပါသည်။ ယင်းသို့ ဆောင် ရွက်ရာတွင် လျှောက်ထားသူ ထံသို့ ပြန်လည်ပေးပို့  ရာ၌ လိပ်စာမှားယွင်း၍ ပျောက်ဆုံးခြင်း မရှိစေရန်အတွက် လျှောက်ထားသူ ထံသို့ ပြန်ပို့ ပေးရန် အပြန်စာအိတ် တစ်လုံးအား အမည် (ဂျပန် နှင့် အင်္ဂလိပ် ဘာသာဖြင့်) နှင့် နေရပ်လိပ်စာ အပြည့်အစုံ ရေးသားပြီး လုံ့လောက်သည့် တံဆိပ်ခေါင်းကပ်လျက် ဗီဇာ လျှောက်လွှာ များနှင့် အတူ Embassy of the Union of Myanmar, Visa Section, 4-8-26, Kita-Shinagawa, Shinagawa-ku, Tokyo 140-0001. သို့  ပေးပိုရန် ဖြစ်ပါသည်။

၂။ အထက်ဖော်ပြ စာရွက်စာတမ်းများသည် လူမူရေးဆိုင်ရာပြည်ဝင်ဗီဇာ လျှောက်ရန် အတွက်သာ ဖြစ်ပါသည်။ မြန်မာနိုင်ငံကူး လက်မှတ်အား ပြန်လည်အပ်နှံလိုခြင်း၊ ကောင်စစ်ဌာနမှ ထောက်ခံစာ တောင်းခံခြင်း ကိစ္စများပါ တစ်ပြိုင်တည်း ဆောင်ရွက်လိုပါက ကောင်စစ်ဌာနသို့  ဆက်သွယ်ပြီး လိုအပ်သော စာရွက်စာတမ်းများအား သီးသန့်  စာအိပ် တစ်အိပ်ဖြင့် ပေးပို့  စေလိုပါသည်။

၃။ ထပ်မံ သိရှိလိုသော အချက်များ ရှိပါက မြန်မာသံရုံး၊တိုကျိုမြို့ ၊ သို့  ဖုံးဖြင့် မနက် ၉ နာရီမှ ၁၂ နာရီ၊ နေ့ လည် ၁ နာရီမှ ညနေ ၄ နာရီ ခွဲ အတွင်း ဖုံးနံပါတ် ၀၃-၃၄၄၁-၉၂၉၁ မှ တဆင့်ဗီဇာဌာန သို့  ဆက်သွယ်မေးမြန်းနိုင်ပါသည်။ ထပ်မံ လိုအပ်သော စာရွက်စာတမ်းများ ပေးပို့  လိုပါက ဖက်စ်နံပါတ် ၀၃-၃၄၄၇-၇၃၉၄ သို့  ပေးပို့နိုင် ပါသည်။

၎။ http://www.myanmar-embassy-tokyo.net/visaforms/visaformsindex.html  တွင် လူမူရေးဆိုင်ရာပြည်ဝင်ဗီဇာ လျှောက်ရန် အတွက်စာရွက်စာတမ်းများအား download လုပ်၍ထုတ်ယူ နိုင်ပါသည်။